ညဘက်မှာ နှစ်ခြိုက်စွာ အိပ်မပျော်နိုင်တာ ဘာ့ကြောင့်လဲ၊ ဘယ်လိုဖြေရှင်းမလဲ

in ကျန်းမာရေးအကြံပြုချက် August 25, 2018

အိပ်စက်ခြင်းကလူသားတိုင်းအတွက် အရေးကြီးပါတယ်။ တစ်နေ့တာလုံးမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတဲ့နောက်မှာ နှစ်ခြိုက်စွာအိပ်စက်အနားယူနိုင်မှသာလျှင် နောက်တစ်နေ့တာအတွက် အလုပ်လုပ်နိုင်ဖို့ အားအင်သစ်တွေပြန်လည်ရရှိမှာဖြစ်တယ်။ ကောင်းကောင်းအိပ်စက်အနားယူခြင်းက ကိုယ်ရော၊ စိတ်ပါကျန်းမာစေပြီး၊ သက်လုံကောင်းစေပါတယ်။

ကောင်းစွာ အိပ်စက်အနားယူနိုင်ခြင်းမရှိတဲ့အခါ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာမပြုလုပ်နိုင်ခြင်း၊ မိမိရဲ့မိတ်ဆွေသူငယ်ချင်း၊ မိသားစုချစ်သူခင်သူတွေနဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။

လေ့လာချက်များအရ ပင်ပန်းနွမ်းနယ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ရေဓာတ်လုံလောက်စွာ မရရှိလို့ဖြစ်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကို ဘယ်အရာက နှောင့်ယှက်နေတာလဲ

တစ်နေ့တာလုံး ရေဓာတ်လုံလောက်စွာ မရရှိခြင်းက သင်ညဘက်အိပ်စက်အနားယူတဲ့အခါ အနှောင့်အယှက်ကောင်းကောင်းပေးပါတယ်။ သင်အိပ်ပျော်နေစဉ်မှာ နှုတ်ခမ်းခြောက်မယ်၊ နှာခေါင်းလမ်းကြောင်းလည်း ခြောက်သွေ့လာမယ်၊ အသက်ရှုခက်ခဲပြီး ဟောက်မယ်၊ မနက်နိုးလာရင် ပုံမှန်အသံမဖြစ်ပဲ အက်ကွဲတဲ့အသံမျိုးဖြစ်လာမယ်၊ လည်ချောင်းနာခြင်းတွေလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်စက်နေတဲ့အခါမှာလည်း မကြာခဏကြွက်တက်ပြီး သင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ မရအောင် နှောင့်ယှက်ပါလိမ့်မယ်။

အထက်ဖော်ပြပါ ပြဿနာများကို ဖြေရှင်းပေးမယ့် အကောင်းဆုံးနည်းလမ်းလေးကတော့ တစ်နေ့တာလုံးရေဓာတ်ပြည့်ဝနေဖို့ပဲဖြစ်ပါတယ်။

ရေဓာတ်ဖြည့်ပြီး ကောင်းစွာအိပ်စက်အနားယူမယ်

အမျိုးသမီးများက တစ်နေ့ကို ရေ ၉ ခွက် (၉၁ အောင်စ) သောက်သုံးသင့်ပြီး၊ အမျိုးသားများကတော့ တစ်နေ့ကို ရေ ၁၃ ခွက် (၁၂၅ အောင်စ) သောက်သုံးသင့်ပါတယ်။ တစ်နေ့တာလုံး လုံလောက်တဲ့ရေဓာတ်ဖြည့်ပေးမယ်ဆိုရင်တော့ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ပြီး မနက်နိုးလာတဲ့အခါတက်ကြွလန်းဆန်းနေမှာဖြစ်ပါတယ်။ စွမ်းအင်အပြည့်နဲ့ ကောင်းမွန်တဲ့နေ့လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

    Cart