ရေဓာတ်ပြည့်ဝခြင်းနှင့် ဆံသားကျန်းမာရေး

in ကျန်းမာရေးအကြံပြုချက်, ဆံကေသာ August 25, 2018

သဘာဝအတိုင်းဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းဖို့အတွက် နည်းလမ်းကောင်းလေးက ဘာများဖြစ်မလဲ။ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ ရေက ဈေးလည်းသက်သာတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးတယ်။ တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက် သောက်ပေးမယ်ဆိုရင် သင့်ဆံပင်အရှည်မြန်စေပြီးတော့ ဆံပင်ကိုအစိုဓာတ်ထိန်းညှိပေးထားပါတယ်။

သင့်ဆံပင်အရင်းအမြစ်တွေက ရေဓာတ်လုံလောက်စွာမရရှိရင် ဆံပင်အဖျားလေးတွေ တဖြည်းဖြည်းခြောက်သွေ့ကြမ်းတမ်းလာပြီးတော့ ကျိုးပဲ့ပျက်စီးကာ ဆံပင်အရှည်နှုန်း ရပ်တန့်သွားပါလိမ့်မယ်။

ရေသောက်ခြင်းကြောင့် ဆံပင်အတွက်ကောင်းကျိုးများ

ရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ခုချင်းစီအတွက် စွမ်းအင်အရင်းအမြစ်ဖြစ်တယ်။ ဆံပင်အရှည်မြန်ဖို့နဲ့ ဆံပင်ကျန်းမာရေးအတွက် ဆဲလ်လေးတွေကိုလည်း ရေသောက်ခြင်းဖြင့် စွမ်းအင်တွေ ထောက်ပံ့ပေးနေတာပါ။

ရေဓာတ်က ဆံပင်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်ကို ကူညီထောက်ပံ့ပေးပြီး ဆံပင်ဆဲလ်လေးအတွက် သဘာဝအားဆေးပဲဖြစ်ပါတယ်။

ရေလုံလောက်စွာ သောာက်သုံးခြင်းကြောင့် သင့်ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆံပင်ပါးခြင်းပြဿနာမှ ကင်းဝေးအောင်ကူညီပေးပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ဆံပင်ပြဿနာ

ရေဓာတ်ခမ်းခြောက်ခြင်းက ဆံပင်ကျန်းမာရေးအတွက် တိုက်ရိုက်ဆိုးကျိုးတွေဖြစ်ပေါ်စေတာကို လူတော်တော်များများ မသိကြပါဘူး။ လူသားတွေရဲ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ ဒါ့ကြောင့် ဆဲလ်ကျန်းမာရေးနဲ့ ဆဲလ်လေးတွေမျိုးပွားဖို့အတွက် ရေဓာတ်လုံလောက်စွာမရရှိတဲ့အခါ ဆံသားပျက်စီးသွားပြီး ဆံပင်ကြီးထွားမှုကို တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဆံပင်အတွက်အားဖြည့်ပေးတဲ့ ဆေးဝါးတွေ သောက်သုံးပေးမယ်၊ ဆံပင်သန်စွမ်းဖို့ဆီတွေ လိမ်းပေးပေမယ့်လည်း လုံလောက်တဲ့ရေပမာဏမရရှိပါက ဆံပင်ဆဲလ်လေးတွေသေဆုံးသွားပြီး ဆံသားလေးတွေ ခြောက်သွေ့ကြမ်းတမ်းဆဲဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ယေဘုယျအားဖြင့် အမျိုးသားများအနေနဲ့ တစ်နေ့ကို ရေ ၁၃ ခွက်သောက်သုံးပေးသင့်ပြီး အမျိုးသမီးများအနေနဲ့ကတော့ တစ်နေ့ကိုအနည်းဆုံး ရေ ၉ ခွက် သောက်သုံးသင့်ပါတယ်။ သို့မှသာ ကျန်းမာသန်စွမ်းတဲ့ဆံကေသာလေးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။

    Cart