ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးပြီး ဘယ်လိုအရည်တွေကိုသောက်သုံးပေးမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ August 25, 2018

အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားသုံးခြင်း၊ ကာယလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ကိုဂရုစိုက်ရပါမယ်။ ကျန်းမာလှပစွာ ဘယ်လိုနေထိုင်စားသုံးရမလဲဆိုတော့

၁။ အားကစားပြုလုပ်ပါ

တစ်နာရီခန့် အားကစားပြုလုပ်ပေးမယ်ဆိုရင် ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ အထိလောင်ကျွမ်းပါတယ်။ ကိတ်မုန့်တစ်လုံးစားလိုက်လို့ ရရှိမယ့် ကယ်လိုရီပမာဏနဲ့ ညီမျှပါတယ်။ အားကစားမှန်မှန်ပြုလုပ်လေ ကယ်လိုရီများများလောင်ကျွမ်းလေဖြစ်ပြီး ကိုယ်နှစ်သက်တဲ့အစာကို စိုးရိမ်စိတ်ကင်းစွာ စားသုံးနိုင်မှာဖြစ်ပါတယ်။

၂။ အစားအသောက်ဆင်ခြင်ပါ

အကယ်၍ သင်ကလေ့ကျင့်ခန်းမပြုလုပ်ဘူးဆိုရင် ကိုယ်အလေးချိန်မတက်ဖို့အတွက် သကြားဓာတ်လွန်ကဲတဲ့အစာ၊ အဆီဓာတ်များတဲ့ အစာတွေကို ရှောင်ကြဉ်ရပါမယ်။ ကယ်လိုရီများတဲ့အစာတွေဖြစ်တဲ့ ထောပတ်၊ ခရင်မ်၊ မုန့်ပဲသရေစာ၊ ကွတ်ကီး နဲ့ အခြားသောအသင့်စား အစားအစာတွေကို ရှောင်ကြဉ်ပါ။

၃။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများစားပါ၊ ပဲအမျိုးမျိုးစားသုံးပါ

မနက်စာစားရင် လတ်ဆတ်တဲ့အသီးအနှံစားသုံးမယ်၊ နေ့လည်စာနဲ့ ညနေစာစားရင်လည်း အရောင်စုံတဲ့ဟင်းသီးဟင်းရွက် (ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက်) တွေ ပါဝင်အောင်စားသုံးပေးပါ။

၎။ ရေပုံမှန်သောက်ပါ

သင့်ခန္ဓာကိုယ်က တစ်နေ့ကို ရေ တစ်လီတာခွဲ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ မနက်ခင်း နိုးလာရင် ရေတစ်ဖန်ခွက်သောက်ပေးပါ။ အစားမစားခင်၊ အစားစားနေစဉ်နဲ့ အစားစားပြီးနောက်မှာလည်း ရေမှန်မှန်သောက်ပေးပါ။ ရေဆာမှ ရေသောက်ခြင်းကို မပြုလုပ်ပါနဲ့။ ရေဘူးတစ်ဘူးကို အမြဲဆောင်ထားပါ။ အားကစားပြုလုပ်သူများအနေနဲ့ ရေများများသောက်သုံးသင့်ပါတယ်။

၅။ အမြဲတမ်းလှုပ်လှုပ်ရှားရှားနေပါ

တစ်နေ့ကို မိနစ်သုံးဆယ်ခန့် လမ်းလျှောက်ပေးပါ။ မိမိအိမ်မှာပဲဖြစ်ဖြစ်၊ အားကစားခန်းမမှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ ဓာတ်လှေကားအသုံးပြုမယ့်အစား ရိုးရိုးလှေကားသာအသုံးပြုပါ။ သင့်ရဲ့ ကိုယ်ပိုင်ကားကိုလည်း လိုအပ်မှသာအသုံးပြုပေးပါ။ နေ့စဉ်မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့  ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနှုန်းကို ကာကွယ်ပေးမှာပါ။

ဒီနည်းလမ်း ၅ မျိုးကို သေချာလိုက်နာမယ်ဆိုရင်တော့ ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာ အမှန်ပါပဲ။

    Cart