ရေကို ဘယ်တော့မှ လျစ်လျှူမရှုသင့်တဲ့ အကြောင်းအရင်းများ

in ကျန်းမာရေးအကြံပြုချက် August 31, 2018

ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားမရှိရင်တောင်မှ ရေဓာတ်ပြည့်ဖို့အတွက် ရေသောက်ပေးရပါတယ်။ ရေသောက်ခြင်းက ရေဓာတ်ပြည့်ဝခြင်းအပြင် အခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။ ဘာ့ကြောင့် မဖြစ်မနေရေကို သောက်သုံးသင့်လဲဆိုတော့

၁။ ခန္ဓာကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းပေးတယ်

ရေသောက်ခြင်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်ထဲမှာ ရေနဲ့ အခြားအရည်တွေ ကောင်းစွာစီးဆင်းဖို့ ပြုလုပ်ပေးတယ်။ အစာချေဖို့အတွက် ရေသောက်သုံးပေးရပါတယ်။ သွေးတွေ လှည့်ပတ်စီးဆင်းဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် ရေဆာတဲ့အချိန်အထိမနေနဲ့ ရေပုံမှန်သောက်ပေးပါ။

၂။ နေ့စဉ်ဘဝမှာ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်အောင် ခံစားချက်ကောင်းတွေ ပြုလုပ်ပေးတယ်

ခေါင်းကိုက်ဝေဒနာကို ပြင်းထန်စွာခံစားရတဲ့ လူနာတွေက တစ်နေ့ကို ရေ ၇ ခွက် သောက်သုံးတဲ့အခါ ခံစားရတဲ့ ဝေဒနာတွေသက်သာစေတယ်လို့ စမ်းသပ်ချက်တွေအရ သိရှိရပါတယ်။ ဒါ့ကြောင့် ရေသောက်ပြီး ကျန်းကျန်းမာမာနေပါ။

၃။ ဆာလောင်မှုကို ဟန့်တားပေးတယ်

လူအချို့က ရေငတ်တာကို ဗိုက်ဆာတယ်ဆိုပြီး အထင်မှားတတ်ကြပါတယ်။ ရေသောက်ခြင်းကြောင့် အသင့်စား အစားအစာတွေစားပြီး ကယ်လိုရီတက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ရေငတ်တာကို ဗိုက်ဆာတယ်ဆိုပြီး ထင်ယောင်ထင်မှားမဖြစ်အောင် ရေသောက်ပေးကြပါ။

၎။ စွမ်းအင်မြှင့်တင်ပေးတယ်

ရေဓာတ်ခမ်းခြောက်ခြင်းကး ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတာကြောင့် ရေများများသောက်လေ ပိုမိုလန်းဆန်းတက်ကြွပြီး စွမ်းအင်များကို မြှင့်တင်လိုက်ပါ။

၅။ သောက်စရာတွေထဲမှာ ရေက ကျန်းမာရေးနဲ့အညီညွှတ်ဆုံးပါ

အခြားအချိုရည်ထဲမှာ အာဟာရဖြစ်စေတဲ့ဓာတ်တွေမပါဝင်တဲ့အပြင် ကျန်းမာရေးနဲ့လည်းမညီညွှတ်ပါဘူး။ ဒါ့ကြောင့် သောက်စရာတစ်ခုခုဝယ်သောက်မယ်ဆိုရင်တောင် ရေပဲဝယ်သောက်သင့်ပါတယ်။

၆။ အသားအရေလှပစေတယ်

ရေသောက်ခြင်းကြောင့် ပါးရေတွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်းကို ကာကွယ်ဖို့အတွက် ရေသောက်သင့်ပါတယ်။

၇။ အသည်းကျန်းမာရေးအတွက်ကောင်းတယ်

အသည်းထဲမှာရှိတဲ့ အသည်းကိုဒုက္ခပေးတဲ့ အဆိပ်အတောက်တွေဖြစ်တဲ့ အရက်သေစာ၊ ပိုးမွှားများ၊ ဖုန်မှုန့်များကို စစ်ထုတ်ဖို့အတွက် ရေက ကူညီပေးပါတယ်။

    Cart