ဆီးချိုရောဂါနှင့် ရေအကြောင်း
ရေမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒြိုက် မပါဝင်တာကြောင့် ဆီးချိုသမားများအတွက် သောက်သုံးဖို့အသင့်တော်ဆုံးပါပဲ။ လေ့လာချက်အရ ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ သကြားဓာတ်ကိုထိန်းချုပ်ပေးပါတယ်။ သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်ခြင်း ဆီးချိုရောဂါခံစားနေရသူများက သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ ခန္ဓာကိုယ်က ရေများများလိုအပ်ပါတယ်။ ရေများများသောက်ပေးမှ သွေးထဲပိုလျှံနေတဲ့သကြားဓာတ်ကို ဆီးမှတစ်ဆင့်စွန့်ထုတ်ပေးအောင် ကျောက်ကပ်ကလုပ်ဆောင်ပေးပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆီးချိုရောဂါ သွေးထဲမှာ သကြားဓာတ်မြင့်မားခြင်းက ရေဓာတ်ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။ ခန္ဓာကိုယ်က ပိုလျှံနေတဲ့ သကြားဓာတ်ကို ဆီးမှတစ်ဆင့် ဖယ်ရှားဖို့ကြိုးစားနေတဲ့အခါ ရေသောက်ပြီး ရေဓာတ်ဖြည့်ပေးခြင်းဖြင့် တစ်ဖက်တစ်လှမ်းက ကူညီပေးပါ။ အဲ့လိုမှမဟုတ်ရင် လိုအပ်တဲ့ရေဓာတ်ကို တံတွေးနဲ့ မျက်ရည်တွေကနေ အစားယူရပါလိမ့်မယ်။ ရေဓာတ်လုံလောက်စွာမရဘူးဆိုရင် သကြားဓာတ်ကဆီးကနေ တစ်ဆင့်မထွက်သွားနိုင်ဘဲ ခန္ဓာကိုယ်ထဲမှာပဲ ပိတ်လှောင်နေပြီး ရေဓာတ်ခမ်းခြောက်ခြင်းသံသရာက လွတ်မြောက်မှာ မဟုတ်တော့ပါဘူး။ တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ အမျိုးသမီးများအနေနဲ့ တစ်နေ့ကို ရေ […]