သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ရေသောက်သုံးသင့်တဲ့ အကြောင်းပြချက် ၃ ချက်
ရေသောက်သုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သည်သာမကပဲ သွားနှင့်ခံတွင်း သန့်ရှင်းကျန်းမာနေဖို့ ထိန်းသိမ်းထားနိုင်ပါတယ်။ ရေဆာနေတဲ့အချိန်မှာ ဆိုဒါအချိုရည်များ၊ ဆေးသကြားပါသော အချိုရည်များသောက်သုံးမယ့်အစား ရေတစ်ခွက်အဝသောက်လိုက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရေသောက်သုံးခြင်းက သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဘာ့ကြောင့်အရေးပါသလဲဆိုတဲ့ အကြောင်းအရင်း ၃ ချက် ၁။ သွားပိုးပေါက်ဖြစ်ခြင်းနဲ့ သွားများညစ်ထေးခြင်းမှ ကာကွယ်ပေးခြင်း ဆိုဒါနဲ့ သကြားဓာတ်လွန်ကဲတဲ့အချိုရည်သောက်သုံးမယ်ဆိုရင် သကြားဓာတ်က သင့်သွားထဲမှာရှိတဲ့ဘက်တီးရီးယားတွေနဲ့ ပူးပေါင်းလိုက်တဲ့အခါ အက်စစ်ဓာတ်ဖြစ်သွားပါလိမ့်မယ်။ ထိုအက်စစ်ဓာတ်က သင့်သွားကြွေလွှာများကို ပျက်စီးစေပါတယ်။ နေ့စဉ် ရေမှန်မှန်သောက်သုံးပေးခြင်းက သွားအခေါင်းပေါက်နဲ့ သွားများကို ညစ်ထေးစေတဲ့ အချိုဓာတ်နဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။ အစား စားပြီးတိုင်း သွားတိုက်ခြင်းကလည်း သွားများကို ပျက်စီးစေတဲ့အတွက်ကြောင့် အစား စားပြီးတိုင်း ပလုတ်ကျင်းပြီး ရေသောက်ပေးရပါမယ်။ ၂။ ခံတွင်းအနံ့ဆိုးမှ ကာကွယ်ပေးခြင်း ဘက်တီးရီးယားအချို့က […]