ဖျားနာနေသောအချိန်မှာ ရေသောက်ခြင်းနှင့် အခြားကုသနည်းများ
လူတစ်ယောက်မှာ အဖျားရှိနေရင် သူ့ခန္ဓာကိုယ်က ရောဂါနဲ့ နပမ်းသတ်နေရတာပါ။ လူတစ်ယောက်ရဲ့ သာမန်ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီရှိပြီးတော့ ကလေးတွေမှာတော့ အပူချိန်ပိုများပါတယ်။ လူအများစုက အပူကြီးပြီဆိုရင်တော့ ၁၀၃ ဒီဂ၇ီအထိတော့ ခံနိုင်ရည်ရှိကြပါတယ်။ တစ်ခါဖျားပြီဆိုရင် သုံးရက်ကနေ လေးရက်အထိကြာမြင့်ပါတယ်။ လူတစ်ယောက်ဖျားနာပြီဆိုရင် စွမ်းအင်တွေလည်းလျော့ကျလာမယ်၊ ပင်ပန်းနွမ်းနယ်ပြီးတော့ အစား စားချင်စိတ်လည်း မရှိပါဘူး။ လက္ခဏာတွေအနေနဲ့ကတော့ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရပါတယ်။ ဖျားနာနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကိုအေးသွားအောင်ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာရခြင်းက အထဲကဘက်တီးရီးယားတွေနဲ့ တိုက်ခိုက်နေရတာကြောင့် ခန္ဓာကိုယ်ကိုအေးအောင်ပြုလုပ်မယ်ဆို ဘက်တီးရီးယားတွေကို အားပေးအားမြောက်ပြုတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့လည်း အနည်းငယ်အေးမြမှ သက်တောင့်သက်သာဖြစ်မယ်ဆိုသူတွေကတော့ ကြက်သီးနွေးရေနဲ့ ရေချိုးပေးလို့ ရပါတယ်။ ရေခဲအသုံးပြုပြီး အေးအောင်ပြုလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။ ပေါ့ပါးပြီးတော့ လေဝင်လေထွက်ကောင်းမယ့် အင်္ကျီမျိုးပဲ ရွေးချယ်ဝတ်ဆင်ပါ။ ကိုယ်ပူခြင်းနဲ့ ရေ၏အရေးပါမှု […]