ဘာ့ကြောင့် ရေများများသောက်သုံးသင့်သလဲ
ရေမှန်မှန်သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရေဓာတ်ပြည့်ဝခြင်းက ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုတော့ လူနည်းစုလောက်ကသာ ဂရုစိုက်အလေးထားကြတာပါ။ လက်တွေ့မှာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအကုန်လုံးက ရေဓာတ်ပေါ်မှာ မှီတည်နေရတာပါ။ အရွယ်ရောက်ပြီးသားလူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရေဓာတ် သုံးပုံနှစ်ပုံနဲ့ ဖွဲ့စည်းထားတာပါ။ သင့်ခန္ဓာကိုယ်တစ်သျှူးများနဲ့ အင်္ဂါအစိတ်အပိုင်းများက ရေဘယ်လောက်ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားသလဲဆိုတာ သင်သိပါသလား။ ဦးနှောက်က ရေ ၈၀ ရာခိုင်နှုန်း၊ နှလုံးကြွက်သားအပါအဝင် အခြားကြွက်သားများက ၇၅ ရာခိုင်နှုန်း၊ သွေးကတော့ ၈၃ ရာခိုင်နှုန်း၊ အဆုတ်က ၉၀ ရာခိုင်နှုန်း၊ အသားအရေက ၆၄ ရာခိုင်နှုန်းနဲ့ အရိုးတွေကတော့ ရေ ၃၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ လုံလောက်တဲ့ရေဓာတ်ရရှိခြင်းက သင့်ခန္ဓာကိုယ်အတွက် မည်သည့်ကောင်းကျိုးများ ဆောင်ကျဉ်းပေးနိုင်ပါသလဲ။ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးပေးစွမ်းနိုင်ခြင်း သင့်ဦးနှောက်က ရေဓာတ်နဲ့ […]