ခန္ဓာကိုယ်ဖောရောင်ခြင်းကို ကာကွယ်ပေးမယ့် ရေဓာတ်ဖြည့်ပေးတဲ့ အစားအစာများ

in ကျန်းမာရေးအကြံပြုချက် September 2, 2018

ခန္ဓာကိုယ်ထဲမှာ အရည်များအလွန်အကျွံစုပုံနေတဲ့ အခါ လက်များ၊ ခြေထောက်များ၊ ခြေချင်းဝတ်များမှာ ဖောယောင်လာပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဖောင်ရောင်ခြင်းကို ခံစားရသလို၊ အမျိုးသမီးများ တစ်လတစ်ခါဓမ္မတာလာတဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖောရောင်ခြင်းကို ခံစားရနိုင်ပေမယ့်လည်း စိုးရိမ်ရမယ့် ရောဂါထဲမှာတော့ မပါ ပါဘူး။

ရေအလွန်အကျွံသောက်ခြင်းကြောင့် ဖောရောင်တဲ့အခါမှာ ရေသောက်ခြင်းဖြင့် ရေဓာတ်ဖြည့်မယ့်အစား အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို အစားထိုးစားပေးခြင်းဖြင့် ကုန်ဆုံးသွားတဲ့ရေဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးလိုက်ပါ။

သခွားသီး

သခွားသီးထဲမှာ ရေဓာတ်ပါဝင်မှုများတဲ့အပြင် သူ့ထဲမှာပါတဲ့ အာဟာရဓာတ်တွေက ဆီးနဲ့ဆိုင်တဲ့ အက်စစ်ဓာတ်တွေကို ကျောက်ကပ်ထဲကနေဖယ်ရှားပေးပါတယ်။ ရေကြောင့်ဖောယောင်ခြင်းကို ဖြစ်စေတဲ့ အက်စစ်ဓာတ်တွေကိုလည်း ကူညီဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သခွားသီးထဲမှာ ကယ်လိုရီပမာဏများတဲ့အတွက် ဝိတ်ချချင်သူများအနေနဲ့ သရေစာအဖြစ်အစားထိုးသုံးဆောင်နိုင်ပါတယ်။

ဖရဲသီး

ဖရဲသီးထဲမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်တဲ့အပြင် ဆီးရွှင်စေတဲ့ အခြားဗီတာမင်နဲ့ သတ္တုဓာတ်များပါဝင်ပါတယ်။

တရုတ်နံနံ

ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အရည်တွေကို ဆီးမှတစ်ဆင့် ဖယ်ထုတ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကိုသန့်စင်ပေးတဲ့ ဒြပ်ပေါင်းတွေ တရုတ်နံနံထဲမှာ ပါဝင်ပါတယ်။ သွေးပေါင်တက်ခြင်းကို ကာကွယ်ပေးပြီး အစာချေစနစ်ကောင်းမွန်ဖို့အတွက်လည်း ကူညီပေးပါတယ်။

ဂျင်း

ဆီးရွှင်စေတဲ့အစားအစာတွေထဲမှာ အစွမ်းအထက်ဆုံးက ဂျင်းပဲဖြစ်ပါတယ်။ အစာချေစနစ်အတွက်လည်း ကူညီပေးသလို ခန္ဓာကိုယ်အတွက်အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

မုန်လာဥနီ

မုန်လာဥနီထဲမှာ ခန္ဓာကိုယ်ကို အဆိပ်ဖြေပေးတဲ့ Antioxidants နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ မုန်လာဥထဲမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်ကလည်း ကိုလက်စထရောနဲ့ သွေးထဲကသကြားပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းက ဆီးရွှင်စေတဲ့ သဘာဝအရည်တစ်မျိုးဖြစ်တဲ့အပြင် လက်ဖက်ရည်ကြမ်းကို မှန်မှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အဆီကို ၁၉ ရာခိုင်နှုန်းခန့်လျော့ချပေးနိုင်ပါတယ်။

    Cart