လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ဘာ့ကြောင့် ရေသောက်သုံးသင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, လေ့ကျင့်ခန်းများ June 6, 2019

လှုပ်ရှားတက်ကြွမှုရှိတဲ့လူသားတွေအတွက် ရေက မရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုပါပဲ။ အားကစားပြုလုပ်ပြီးတဲ့နောက်မှာ ရေများများသောက်သုံးခြင်းကလည်း လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ချွေးထွက်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ဒါ့အပြင် လုံလောက်တဲ့ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ရေဓာတ်ပြည့်ဝစွာနေပါ

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ချွေးထွက်ခြင်းက သင့်ခန္ဓာကိုယ်မှ ရေဓာတ်အများအပြားဆုံးရှုံးနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အဲ့ဒီလိုရေဓာတ်ခမ်းခြောက်နေတာကို ရေမသောက်ပေးဘူးဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်စဉ်တစ်နာရီအတောအတွင်းမှာ ချွေးထွက်ခြင်းက ရေလီတာပေါင်းများစွာ ဆုံးရှုံးနိုင်ပါတယ်။

လုံလောက်တဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ရဲ့လားဆိုတာကို ဘယ်လိုစမ်းသပ်နိုင်ပါသလဲ

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ လုံလောက်တဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ရဲ့လားဆိုတာကို စစ်ဆေးဖို့ သင့်ဆီးအရောင်ကို ကြည့်လိုက်ပါ။ သင့်မှာ ရေဓာတ်ပြည့်ဝနေတယ်ဆိုရင်တော့ သင့်ဆီးအရောင်က ကြည်လင်နေပါလိမ့်မယ်။ တကယ်လို့ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုရင်တော့ အရောင်ရင့်ရင့်ဆီးသွားပါလိမ့်မယ်။

ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ဘယ်လိုရေက သောက်သုံးဖို့ အကောင်းမွန်ဆုံးလဲ

ရေအေးအေးလေး သောက်သုံးပေးပါ။ ရေအေးသောက်သုံးခြင်းက လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် မြှင့်တက်နေတဲ့ခန္ဓာကိုယ်အပူချိန်ကို သာမန်အပူချိန်အတိုင်း ပြန်လည်ရောက်ရှိသွားအောင် အလျင်အမြန်ကူညီပေးပါလိမ့်မယ်။

ရေသောက်ခြင်းကြောင့်ရရှိမယ့် ကောင်းကျိုး

အားကစားပြုလုပ်ပြီးနောက် သကြားဓာတ်လွန်ကဲတဲ့အချိုရည်နဲ့ စွမ်းအားဖြည့်အချိုရည်များသောက်သုံးခြင်းထက် ရေသောက်သုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။ ကယ်လိုရီနည်းနည်းပဲ စားသုံးပေမယ့်လည်း ဗိုက်ပြည့်နေအောင် ကူညီပေးပါတယ်။ ၁ ရာခိုင်နှုန်းလောက် ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင်တောင် သင့်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်အလေးချိန်တက်လာမှာဖြစ်ပါတယ်။

သတိထားရမည့် အချက်များ

အားကစားပြုလုပ်ပြီးနောက် ရေများများသောက်သုံးရမယ်ဆိုပေမယ့် ရေအများကြီးကို တစ်ကျိုက်တည်းနဲ့ အကုန်သောက်လိုက်ရမှာမဟုတ်ပါဘူး။ ရေနည်းနည်းချင်းစီကို မိနစ်အနည်းငယ်ခြားသောက်ပေးရမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ ရေကို အငမ်းမရ မရပ်မနားနဲ့ အများကြီးသောက်လိုက်တဲ့အခါ Hyponatremia လို့ခေါ်တဲ့ သွေးထဲမှာ ဆိုဒီယမ်ဓာတ်လျော့ကျသွားခြင်းဖြစ်စဉ်မျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကြာရှည်စွာသတိလစ်မေ့မြောခြင်းအပြင် ဒီ့ထက်အခြေအနေဆိုးရွားပါက အသက်အန္တရာယ်တောင် ဆုံးရှုံးနိုင်ပါတယ်။ ဒီအခြေအနေက မာရသွန်အပြေးသမားတွေဆီမှာအဖြစ်များတတ်ပါတယ်။ သူတို့က အားကစားပြုလုပ်နေစဉ်နဲ့ ပြုလုပ်ပြီးတဲ့အချိန်မှာ အလွန်အမင်းမောပန်းနေတဲ့အတွက်ကြောင့် ရေကို အငမ်းမရသောက်သုံးတတ်ကြလို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုအားကစားမျိုးပဲပြုလုပ်နေပါစေ မိမိရဲ့အခြေအနေကို သေချာစောင့်ကြည့်အကဲခတ်ဖို့လိုအပ်ပါတယ်။ မူးဝေနေသလိုခံစားရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေထောက်နဲ့လက်များ ဖောရောင်ခြင်းလာခြင်းက ဆေးကုသမှုချက်ချင်းခံယူသင့်ကြောင့် ပြသနေတဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။

    Cart