စက္ဘီးစီးေသာသူမ်ားႏွင့္ ေရဓာတ္ျပည့္ဝျခင္းရဲ႕ အေရးႀကီးေသာ အခန္းက႑

in ေလ့က်င့္ခန္းမ်ား January 8, 2020

[Zawgyi]

ေရဓာတ္ျပည့္ဝျခင္းက သင့္ရဲ႕ အားကစားလုပ္ေဆာင္ႏိုင္စြမ္းအေပၚမွာ အက်ိဳးသက္ေရာက္မႈမ်ားစြာ႐ွိပါတယ္။ ဒါ့ေၾကာင့္ ေရဓာတ္လံုေလာက္စြာေသာက္သံုးဖို႔ အလြန္အေရးႀကီးပါတယ္။ တကယ္လို႔ေရဓာတ္ခမ္းေျခာက္မယ္ဆိုရင္ေတာ့ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ခံစားရႏိုင္လို႔ပါပဲ။ အားကစားျပဳလုပ္ေနစဥ္ ေရဓာတ္ခမ္းေျခာက္ပါက ခႏၶာကိုယ္အပူခ်ိန္မညီမွ်ေတာ့ျခင္း၊ စိတ္တက္ၾကြမႈမ႐ွိေတာ့ျခင္း၊ အလြန္အမင္းပင္ပန္းႏြမ္းနယ္လာျခင္း၊ စိတ္ပိုင္းဆိုင္ရာအားနည္းလာျခင္း စသည္တို႔ကို ခံစားရႏိုင္ပါတယ္။ အားကစားျပဳလုပ္ေနစဥ္ ေရဓာတ္ျပည့္ဝဖို႔အတြက္ အေကာင္းဆံုးေသာနည္းလမ္းကေတာ့ ေရေသာက္သံုးျခင္းပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဒုတိယဦးစားေပးအေနနဲ႔ ေသာက္သံုးေပးသင့္တာကေတာ့ အိမ္မွာပဲ လြယ္လြယ္ကူကူျပဳလုပ္ႏိုင္တဲ့လွ်ပ္လုိက္ေဖ်ာ္ရည္ေလးပဲျဖစ္ပါတယ္။

အားကစားျပဳလုပ္ေနစဥ္မွာ ဘာ့ေၾကာင့္ ေရေသာက္သံုးသင့္သလဲ

ေရဓာတ္ခမ္းေျခာက္ျခင္းမွ ကာကြယ္ရန္ႏွင့္ ခႏၶာကိုယ္ထဲ႐ွိ လွ်ပ္လိုက္ေပ်ာ္ရည္မ်ား ညီညႊတ္မွ်တေနဖို႔အတြက္ ေရေသာက္သံုးသင့္ပါတယ္။ သင့္ခႏၶာကိုယ္ထဲ႐ွိ ေရဓာတ္မ်ား ၂ ရာခိုင္ႏႈန္းခန္႔ဆံုး႐ႈံးမယ္ဆိုရင္ေတာင္ သင့္အတြက္ အႏၱရာယ္ျဖစ္ေစမွာပါ။ စက္ဘီးစီးၿပိဳင္ပြဲဝင္ေနရတဲ့ အားကစားသမားမ်ားအေနနဲ႔ ေခြ်းထြက္ျခင္းေၾကာင့္ ေရဓာတ္မ်ား ၆ ရာခိုင္ႏႈန္းကေန ၁၀ ရာခိုင္ႏႈန္းအထိ ဆံုးရႈံးတတ္ပါတယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ စက္ဘီးမနင္းႏိုင္ေတာ့ဘဲ ေျခကုန္လက္ပမ္းက်လာကာ စြမ္းေဆာင္ရည္ေလ်ာ့နည္းသြားပါေတာ့တယ္။

ေရဓာတ္ျပည့္ဝျခင္းက ခႏၶာကိုယ္ပင္ပန္းျခင္းနဲ႔ စိတ္ပင္ပန္းျခင္းကိုပါ ကာကြယ္ေပးႏိုင္ၿပီး ျပင္းထန္တဲ့အားကစားျပဳလုပ္ျခင္းေၾကာင့္ စိတ္ဖိစီးမႈခံစားေနရျခင္းကိုလည္း ေလ်ာ့ခ်ေပးပါလိမ့္မယ္။ ေနာက္ထပ္ျပႆနာတစ္ခုကေတာ့ ေခြ်းထြက္တဲ့အခါ ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ အဖိုးတန္ေသာ လွ်ပ္လိုက္ေပ်ာ္ရည္မ်ားလည္း ဆံုး႐ႈံးသြားတာေၾကာင့္ ထိုေပ်ာ္ရည္မ်ားကိုလည္း ျပန္လည္အစားထိုးဖို႔လိုအပ္ပါတယ္။ အထူးသျဖင့္ ဆိုဒီယမ္ဓာတ္ကို မပါမျဖစ္ ပါဝင္ေအာင္ ထည့္သြင္းသင့္ပါတယ္။ ထိုဆိုဒီယမ္ဓာတ္က ၂ နာရီထက္ၾကာျမင့္စြာ အားကစားျပဳလုပ္မယ္ဆိုရင္ မ႐ွိမျဖစ္လိုအပ္တဲ့ဓာတ္တစ္မ်ိဳးပဲျဖစ္ပါတယ္။

ထိုလွ်ပ္လိုက္ေပ်ာ္ရည္ကို မိမိအိမ္မွာပဲ အလြယ္တကူေဖ်ာ္ေသာက္နည္း

ပါဝင္ပစၥည္းမ်ား

  • ေရ ဖန္ခြက္ ၂ ခြက္ခြဲခန္႔
  • အုန္းေရ ဖန္ခြက္ ၁ ခြက္
  • သၾကား ဖန္ခြက္ ေလးပံုတစ္ပံုခန္႔
  • ဆား လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံုခန္႔

ပ်ားရည္အရသာ လိုခ်င္ပါက (မထည့္လည္း ရပါတယ္)

  • ေရ ဖန္ခြက္ သံုးခြက္ခြဲ
  • နာနတ္သီးေဖ်ာ္ရည္ ဖန္ခြက္ ေလးပံုတစ္ပံုခန္႔
  • သၾကား စားပြဲတင္ဇြန္း ၂ ဇြန္း
  • ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ဆား လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံုခန္႔

ျပဳလုပ္နည္း

ပါဝင္ပစၥည္းမ်ားအားလံုးကို ေဖ်ာ္စက္ထဲထည့္ၿပီးေမႊလိုက္ပါ။ သမေအာင္ေရာေမႊၿပီးပါက ဖန္ခြက္ထဲထည့္ၿပီး ေသာက္သံုးႏိုင္ပါၿပီ။ ဒါဆိုရင္ေတာ့ ကုန္ဆံုးသြားတဲ့ေရဓာတ္နဲ႔ လွ်ပ္လိုက္ေပ်ာ္ရည္မ်ားကို ျပန္လည္ျဖည့္တင္းေပးႏိုင္ပါၿပီ။

[Unicode]

ရေဓာတ်ပြည့်ဝခြင်းက သင့်ရဲ့ အားကစားလုပ်ဆောင်နိုင်စွမ်းအပေါ်မှာ အကျိုးသက်ရောက်မှုများစွာရှိပါတယ်။ ဒါ့ကြောင့် ရေဓာတ်လုံလောက်စွာသောက်သုံးဖို့ အလွန်အရေးကြီးပါတယ်။ တကယ်လို့ရေဓာတ်ခမ်းခြောက်မယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်လို့ပါပဲ။ အားကစားပြုလုပ်နေစဉ် ရေဓာတ်ခမ်းခြောက်ပါက ခန္ဓာကိုယ်အပူချိန်မညီမျှတော့ခြင်း၊ စိတ်တက်ကြွမှုမရှိတော့ခြင်း၊ အလွန်အမင်းပင်ပန်းနွမ်းနယ်လာခြင်း၊ စိတ်ပိုင်းဆိုင်ရာအားနည်းလာခြင်း စသည်တို့ကို ခံစားရနိုင်ပါတယ်။ အားကစားပြုလုပ်နေစဉ် ရေဓာတ်ပြည့်ဝဖို့အတွက် အကောင်းဆုံးသောနည်းလမ်းကတော့ ရေသောက်သုံးခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယဦးစားပေးအနေနဲ့ သောက်သုံးပေးသင့်တာကတော့ အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့လျှပ်လိုက်ဖျော်ရည်လေးပဲဖြစ်ပါတယ်။

အားကစားပြုလုပ်နေစဉ်မှာ ဘာ့ကြောင့် ရေသောက်သုံးသင့်သလဲ

ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန်နှင့် ခန္ဓာကိုယ်ထဲရှိ လျှပ်လိုက်ပျော်ရည်များ ညီညွှတ်မျှတနေဖို့အတွက် ရေသောက်သုံးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲရှိ ရေဓာတ်များ ၂ ရာခိုင်နှုန်းခန့်ဆုံးရှုံးမယ်ဆိုရင်တောင် သင့်အတွက် အန္တရာယ်ဖြစ်စေမှာပါ။ စက်ဘီးစီးပြိုင်ပွဲဝင်နေရတဲ့ အားကစားသမားများအနေနဲ့ ချွေးထွက်ခြင်းကြောင့် ရေဓာတ်များ ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးတတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စက်ဘီးမနင်းနိုင်တော့ဘဲ ခြေကုန်လက်ပမ်းကျလာကာ စွမ်းဆောင်ရည်လျော့နည်းသွားပါတော့တယ်။

ရေဓာတ်ပြည့်ဝခြင်းက ခန္ဓာကိုယ်ပင်ပန်းခြင်းနဲ့ စိတ်ပင်ပန်းခြင်းကိုပါ ကာကွယ်ပေးနိုင်ပြီး ပြင်းထန်တဲ့အားကစားပြုလုပ်ခြင်းကြောင့် စိတ်ဖိစီးမှုခံစားနေရခြင်းကိုလည်း လျော့ချပေးပါလိမ့်မယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဖိုးတန်သော လျှပ်လိုက်ပျော်ရည်များလည်း ဆုံးရှုံးသွားတာကြောင့် ထိုပျော်ရည်များကိုလည်း ပြန်လည်အစားထိုးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ်ဓာတ်ကို မပါမဖြစ် ပါဝင်အောင် ထည့်သွင်းသင့်ပါတယ်။ ထိုဆိုဒီယမ်ဓာတ်က ၂ နာရီထက်ကြာမြင့်စွာ အားကစားပြုလုပ်မယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

ထိုလျှပ်လိုက်ပျော်ရည်ကို မိမိအိမ်မှာပဲ အလွယ်တကူဖျော်သောက်နည်း

ပါဝင်ပစ္စည်းများ

  • ရေ ဖန်ခွက် ၂ ခွက်ခွဲခန့်
  • အုန်းရေ ဖန်ခွက် ၁ ခွက်
  • သကြား ဖန်ခွက် လေးပုံတစ်ပုံခန့်
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

ပျားရည်အရသာ လိုချင်ပါက (မထည့်လည်း ရပါတယ်)

  • ရေ ဖန်ခွက် သုံးခွက်ခွဲ
  • နာနတ်သီးဖျော်ရည် ဖန်ခွက် လေးပုံတစ်ပုံခန့်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ပြီးမွှေလိုက်ပါ။ သမအောင်ရောမွှေပြီးပါက ဖန်ခွက်ထဲထည့်ပြီး သောက်သုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ကုန်ဆုံးသွားတဲ့ရေဓာတ်နဲ့ လျှပ်လိုက်ပျော်ရည်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါပြီ။

    Cart