ရေလုံလုံလောက်လောက် မသောက်သုံးဘူးဆိုတာကို ပြသနေတဲ့ သွင်ပြင်လက္ခဏာရပ်များ

in ကျန်းမာရေးအကြံပြုချက် September 25, 2018

လောကမှာ ရေတစ်ခွက်လောက် ရင်ထဲအေးမြသွားစေနိုင်တဲ့အရာ သိပ်မရှိသေးပါဘူး။ ကော်ဖီတစ်ခွက် သို့မဟုတ် ဆိုဒါတစ်ဗူးသောက်သုံးခြင်းထက် ရေတစ်ခွက်က ပိုပြီးအာသာပြေစေပါတယ်။ ဒီလိုမျိုး အကျိုးကျေးဇူးများရှိတာကို သိထားပေမယ့်လည်း လူအများစုကတော့ တစ်နေ့လျှင်လိုအပ်တဲ့ ရေပမာဏကို လုံလုံလောက်လောက် မသောက်သုံးဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းယိုယွင်းပျက်စီးလာအောင် ပြုလုပ်နေကြပါတယ်။

ဒါကြောင့် ရေရှည်မှာ စိုးရိမ်ရလောက်တဲ့ ရောဂါတွေမဖြစ်လာစေဖို့အတွက် ရေသောက်သုံးဖို့လိုနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာရပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

အာခြောက်လာခြင်း

အာခံတွင်းမှာ စေးကပ်လာသလို၊ ခြောက်လာသလိုလို ခံစားလာရပြီဆိုရင်တော့ အရည်တစ်မျိုးမျိုးလိုအပ်နေပါပြီ။ သို့သော်လည်း အချိုရည်များက ယာယီတစ်ခဏသာ ဖြေရှင်းပေးနိုင်ပါတယ်။ ရေသောက်သုံးပေးခြင်းက ပါးစပ်နှင့်လည်ပင်းရှိ ချွဲ၊ သလိပ်တို့ကို ချောမွေ့စေတာကြောင့် ပါးစပ်ကိုအချိန်ကြာကြာ အစိုဓာတ်ရှိနေစေမှာပါ။

အသားအရေခြောက်သွေ့လာခြင်း

အသားအရေဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး ကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ရေဓာတ်ရှိနေဖို့ သေချာပေါက်လိုအပ်ပါတယ်။ ရေလိုအပ်တယ်ဆိုတာဟာ ကိုယ်ခန္ဓာအတွင်းရှိ အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့ ချွေးထွက်ဖို့လိုနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

မျက်လုံးတွေခြောက်လာခြင်း

ရေသောက်သုံးမှု နည်းပါးသည့်အခါ မျက်လုံးအတွင်းရှိ သွေးကြောတွေကို ခြောက်သွေ့လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရေမရှိသည့်အခါ မျက်ရည်ပြွန်တွေလည်း ခြောက်ကုန်ကာ ငိုကြွေးနိုင်မှု မရှိတော့ဘူးဆိုရင်တော့ မျက်လုံးအတွက် အနှောင့်အယှက်တွေ ပေါ်ပေါက်လာစေနိုင်မှာပါ။

အရိုးအဆစ်တွေနာကျင်ခံစားရခြင်း

ခန္ဓာကိုယ်အတွင်းရှိ အရိုးနုလေးများနှင့် ကျောရိုး Disc များဟာ ရေဓာတ် ၈၀ ရာခိုင်နှုန်းနှင့် ပြုလုပ်ထားတာပါ။ ခန္ဓာကိုယ်ကို ရေဓာတ်အပြည့် ရှိနေစေသည့်အခါ ပြေးလွှားခြင်း၊ ခုန်ကျော်လွှားခြင်း သို့မဟုတ် ချော်လဲခြင်းတို့ကဲ့သို့ အခြေအနေများတွင်ပင်လျှင် အရိုးအဆစ်များထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ကြွက်သားအားနည်းလာခြင်း

ခန္ဓာကိုယ်အတွင်း ရေဓာတ်နည်းပါးလာပြီဆိုပါက ကြွက်သားတင်းမာမှုလည်း လျော့ကျသွားပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် သို့မဟုတ် လုပ်ပြီးနောက်မှာ ရေသောက်သုံးပေးခြင်းက သင့်ကို ရေဓာတ်ပြည့်ဝနေစေရုံသာမက ခန္ဓာကိုယ်အတွင်း သင့်တော်တဲ့နေရာများသို့ ရေရောက်ရှိစေတာကြောင့် လေ့ကျင့်ခန်းဒဏ် ခံစားရတာကို သက်သာစေမှာပါ။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာခြင်း

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရေသောက်သုံးမှုကိုလည်း အနည်းငယ်စီ မြှင့်တင်သွားပေးဖို့လိုအပ်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာခြင်းက အပြင်ပိုင်းမှာသိသာတာဆိုပေမယ့် အတွင်းပိုင်းမှာပျက်စီးခြင်းက အချိန်ကြာသည်အထိ ခံစားမိစေမှာပါ။

ဒီလိုမျိုး ဆိုးကျိုးတွေဖြစ်လာတာကို မလိုလားဘူးဆိုရင်တော့ ရေကိုသေချာစွဲစွဲမြဲမြဲ သောက်သုံးဖို့လိုပါမယ်။ ရေသောက်တဲ့အခါမှာလည်း ရေဖြစ်ရင်ပြီးတာပဲဆိုပြီး သောက်လိုက်လို့မဖြစ်ပါဘူး။ အဆင့်မြင့်စက်ကြီးတွေကို အသုံးပြုပြီး အဆင့်ပေါင်းများစွာနဲ့ သန့်စင်ထားတဲ့ သောက်ရေသန့်ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

    Cart