ငယ်ရွယ်နုပျိုသော အသားအရေ၊ နူးညံ့တောက်ပြောင်သော ဆံကေသာနဲ့ ကျန်းမာလှပသော  ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့

in ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, ဆံကေသာ, အသားအရေ September 19, 2019

အသက်အရွယ်ရလာပေမယ့်လည်း ငယ်ရွယ်နုပျိုလှပတဲ့ဆံကေသာအလှပိုင်ဆိုင်နိုင်ဖို့၊ ပိုးသားလေးလို နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာပိုင်ဆိုင်နိုင်ဖို့နဲ့ စိတ်သွားကိုယ်ပါ ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့၊ ထိုသုံးချက်စလုံးအတွက် လိုအပ်တဲ့ အဓိကအရာကတော့ ရေပဲ ဖြစ်ပါတယ်။ ရေပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် အလှအပနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားက ဘယ်လိုကောင်းကျိုးတွေလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

အသားအရေကို အားဖြည့်ပေးခြင်း

ရေသောက်သုံးခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို ငယ်ရွယ်နုပျိုစေတဲ့ သဘာဝခရင်မ်ကတော့ ရေပဲဖြစ်ပါတယ်။ ရေသောက်သုံးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့အတွက် သင့်မျက်နှာအသားအရေကို သန့်စင်ကြည်လင်ပြီး တောက်ပနေစေမှာ အမှန်ပါပဲ။

စွမ်းအင်များကို တိုးမြှင့်ပေးခြင်း

အင်မတန်ပင်ပန်းနွမ်းနယ်နေပြီး အားမရှိသလို ခံစားနေရပါသလား။ ရေသောက်သုံးလိုက်ပါ။ ရေဓာတ်ခမ်းခြောက်ခြင်းက သင့်ကို အလွယ်တကူပင်ပန်းနွမ်းနယ်စေပါတယ်။ ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ သွေးများကောင်းမွန်စွာစီးဆင်းနိုင်ဖို့အတွက် သွေးတွေကို နှလုံးက ခက်ခက်ခဲခဲနဲ့ စုပ်ထုပ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် ရေက အောက်စီဂျင်နဲ့ လိုအပ်တဲ့အာဟာရဓာတ်များကို သွေးမှတစ်ဆင့်  ဆဲလ်တွေဆီသို့ ပို့ဆောင်နိုင်ဖို့အတွက် ကူညီပေးပါတယ်။

ဝမ်းမချုပ်အောင်၊ အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးခြင်း

ခန္ဓာကိုယ်က လုံလောက်တဲ့ရေဓာတ်ကို မရဘူးဆိုရင် အူမကြီးက အခြားအင်္ဂါအစိတ်အပိုင်းများဆီမှ ရေဓာတ်ရရှိအောင် စုပ်ယူရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ဝမ်းချုပ်ခြင်းကို ခံစားရတော့တာပါပဲ။ ဒါ့ကြောင့် အူလမ်းကြောင်းရောဂါနဲ့ အစာခြေစနစ်ကို ကောင်းမွန်စေချင်တယ်ဆိုရင်တော့ ရေများများသောက်သုံးသင့်ပါတယ်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ရေက ကယ်လိုရီများကို ထိန်းချုပ်ပေးပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကျဖို့အတွက် အကောင်းဆုံးမဟာဗျူဟာကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ ကယ်လိုရီများတဲ့ အချိုရည်များသောက်သုံးမယ့်အစား ရေအစားထိုးသောက်သုံးခြင်းက ဝိတ်လျော့ချင်သူများအတွက် အကောင်းဆုံးသဘာဝနည်းလမ်းပဲဖြစ်ပါတယ်။

    Cart