ေရေသာက္ျခင္းက ခႏၶာကိုယ္တြင္းကအဆီပိုေတြကို ဖယ္႐ွားေပးႏိုင္ရဲ႕လား

in ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းဆိုင္ရာ January 5, 2020

[Zawgyi]

က်စ္လ်စ္လွပတဲ့ခႏၶာကိုယ္ကို ထိန္းသိမ္းထားႏိုင္ျခင္းက ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါစတဲ့ နာတာ႐ွည္ေရာဂါမ်ား မခံစားရေအာင္ ကူညီေပးၿပီး ကိုယ့္ခႏၶာကိုယ္ကို ေက်နပ္သေဘာက်ၿပီး လွပေနတယ္ဆိုတဲ့ စိတ္ခံစားခ်က္ကို ေပးစြမ္းႏိုင္ပါတယ္။ တကယ္လို႔ စာဖတ္သူတို႔လည္း ကိုယ္အေလးခ်ိန္က်ခ်င္တယ္ဆိုရင္ေတာ့ အစားအေသာက္ကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ စားေသာက္ေပးရမွာျဖစ္သလို ေလ့က်င့္ခန္းမွန္မွန္လုပ္ဖို႔လည္း လိုပါတယ္။ ဒါမွမဟုတ္ အဆီပိုေတြကို ဖယ္႐ွားပစ္ခ်င္တာဆိုရင္ေတာ့ ေရေသာက္ျခင္းက ကူညီေပးႏိုင္ပါတယ္။

ေရေသာက္ျခင္းနဲ႔ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ျခင္း

အစာ မစားခင္ေရေသာက္ျခင္းက အစားအမ်ားႀကီး စားခ်င္စိတ္ကို ေလ်ာ့ခ်ေပးၿပီး ကယ္လိုရီနဲ႔အဆီဓာတ္စားသံုးမႈကို ေလ်ာ့ခ်ေပးကာ ကိုယ္အေလးခ်ိန္က်ေစပါတယ္။ အစား မစားခင္ ေရ ၈ ေအာင္စခန္႔ ေသာက္သံုးေပးျခင္းက ရက္သတၱပတ္ ၁၂ ပတ္အတြင္း ကိုယ္အေလးခ်ိန္ ၅ ေပါင္ခန္႔ေလ်ာ့ခ်ေပးတယ္လို႔ ေလ့လာေတြ႔႐ွိခ်က္ေတြအရသိရပါတယ္။ ဒါ့အျပင္ ေရေသာက္ၿပီး ဝိတ္ေလ်ာ့တဲ့လူေတြက ေရမေသာက္ပဲ အစားအေသာက္ေလ်ာ့ၿပီး ဝိတ္ခ်တဲ့သူေတြထက္ ပိုအက်ျမန္ပါတယ္။

ေရေသာက္ျခင္းနဲ႔ အဆိပ္အေတာက္ အညစ္အေၾကးမ်ားဖယ္႐ွားေပးျခင္းျဖစ္စဥ္

ေရေသာက္ျခင္းျဖင့္ သင့္ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ မလိုအပ္တဲ့အဆိပ္အေတာက္ အညစ္အေၾကးမ်ားကို ဖယ္႐ွားေပးကာ ကိုယ္အေလးခ်ိန္က်ေအာင္ ကူညီေပးပါေသးတယ္။ သင့္ခႏၶာကိုယ္ဇီဝျဖစ္စဥ္က သင္စားသံုးလိုက္တဲ့အစားအစာမ်ားကို စြမ္းအင္အျဖစ္ေျပာင္းလဲေပးၿပီး သင့္ေက်ာက္ကပ္က သင္စားသံုးလိုက္တဲ့ ပိုလွ်ံေနတဲ့အစားအစာမ်ားကို ေရရဲ႕အကူအညီရယူကာ အဆိပ္အေတာက္နဲ႔ အညစ္အေၾကးမ်ားဖယ္႐ွားေပးပါတယ္။

တကယ္လို႔ သင္က ေရလံုလံုေလာက္ေလာကမေသာက္ဘူးဆိုရင္ ေက်ာက္ကပ္က အသည္းရဲ႕ အကူအညီကို တဆင့္ေတာင္းခံၿပီး အဆိပ္အေတာက္ဖယ္႐ွားေပးရပါတယ္။ တကယ္ေတာ့ အသည္းရဲ႕လုပ္ငန္းေဆာင္တာက သင္စားသံုးလိုက္တဲ့အဆီဓာတ္ကို စြမ္းအင္အျဖစ္ေျပာင္းလဲေပးရတာပါ။ ဒါေပမဲ့ ေက်ာက္ကပ္ရဲ႕ အကူအညီေတာင္းခံမႈအရ အဆိပ္အေတာက္နဲ႔ အညစ္အေၾကးမ်ားကို ဖယ္႐ွားေပးရတာေၾကာင့္ အဆီေတြကို မေခ်ဖ်က္ႏိုင္ေတာ့ဘဲ သင့္ခႏၶာကိုယ္မွာ အဆီပိုေတြ စုပံုလာပါေတာ့တယ္။ ဒါ့ေၾကာင့္ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေလးမ်ား သူ႔တာဝန္နဲ႔သူေက်ပြန္စြာ ထမ္းရြက္ႏိုင္ဖို႔ ေရဓာတ္လံုေလာက္စြာရ႐ွိဖို႔ လိုအပ္သလို ခႏၶာကိုယ္ထဲမွာ အဆီပိုမ်ားမ႐ွိခ်င္ဘူးဆိုရင္လည္း ေရေသာက္သံုးေပးဖို႔ လိုအပ္ပါတယ္။

ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ တစ္ေန႔ကို ေရဘယ္ေလာက္ေသာက္သင့္သလဲဆိုတာ တိက်ေသခ်ာတဲ့ပမာဏေတာ့ မ႐ွိပါဘူး။ ဒါေပမဲ့ ေရငတ္တဲ့အထိ မေစာင့္ဘဲ ေရပံုမွန္ေသာက္သံုးေပးဖို႔လိုအပ္ပါတယ္။ ေဆးတကၠသိုလ္ရဲ႕အႀကံေပးခ်က္အရ အရြယ္ေရာက္တဲ့အမ်ိဳးသားတစ္ဦးက ေရ ၃.၇ လီတာ (၁၃ ခြက္ခန္႔) ေသာက္သံုးသင့္ၿပီး အမ်ိဳးသမီးတစ္ေယာက္ကေတာ့ တစ္ေန႔ကို ေရ ၂.၇ လီတာ (၉ ခြက္ခန္႔) ေသာက္သံုးသင့္တယ္လို႔ သိ႐ွိရပါတယ္။

[Unicode]

ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ နာတာရှည်ရောဂါများ မခံစားရအောင် ကူညီပေးပြီး ကိုယ့်ခန္ဓာကိုယ်ကို ကျေနပ်သဘောကျပြီး လှပနေတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ စာဖတ်သူတို့လည်း ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင်တော့ အစားအသောက်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စားသောက်ပေးရမှာဖြစ်သလို လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့လည်း လိုပါတယ်။ ဒါမှမဟုတ် အဆီပိုတွေကို ဖယ်ရှားပစ်ချင်တာဆိုရင်တော့ ရေသောက်ခြင်းက ကူညီပေးနိုင်ပါတယ်။

ရေသောက်ခြင်းနဲ့ ကိုယ်အလေးချိန်လျော့ချခြင်း

အစာ မစားခင်ရေသောက်ခြင်းက အစားအများကြီး စားချင်စိတ်ကို လျော့ချပေးပြီး ကယ်လိုရီနဲ့အဆီဓာတ်စားသုံးမှုကို လျော့ချပေးကာ ကိုယ်အလေးချိန်ကျစေပါတယ်။ အစား မစားခင် ရေ ၈ အောင်စခန့် သောက်သုံးပေးခြင်းက ရက်သတ္တပတ် ၁၂ ပတ်အတွင်း ကိုယ်အလေးချိန် ၅ ပေါင်ခန့်လျော့ချပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ဒါ့အပြင် ရေသောက်ပြီး ဝိတ်လျော့တဲ့လူတွေက ရေမသောက်ပဲ အစားအသောက်လျော့ပြီး ဝိတ်ချတဲ့သူတွေထက် ပိုအကျမြန်ပါတယ်။

ရေသောက်ခြင်းနဲ့ အဆိပ်အတောက် အညစ်အကြေးများဖယ်ရှားပေးခြင်းဖြစ်စဉ်

ရေသောက်ခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့အဆိပ်အတောက် အညစ်အကြေးများကို ဖယ်ရှားပေးကာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါသေးတယ်။ သင့်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်က သင်စားသုံးလိုက်တဲ့အစားအစာများကို စွမ်းအင်အဖြစ်ပြောင်းလဲပေးပြီး သင့်ကျောက်ကပ်က သင်စားသုံးလိုက်တဲ့ ပိုလျှံနေတဲ့အစားအစာများကို ရေရဲ့အကူအညီရယူကာ အဆိပ်အတောက်နဲ့ အညစ်အကြေးများဖယ်ရှားပေးပါတယ်။

တကယ်လို့ သင်က ရေလုံလုံလောက်လောကမသောက်ဘူးဆိုရင် ကျောက်ကပ်က အသည်းရဲ့ အကူအညီကို တဆင့်တောင်းခံပြီး အဆိပ်အတောက်ဖယ်ရှားပေးရပါတယ်။ တကယ်တော့ အသည်းရဲ့လုပ်ငန်းဆောင်တာက သင်စားသုံးလိုက်တဲ့အဆီဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းလဲပေးရတာပါ။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ အကူအညီတောင်းခံမှုအရ အဆိပ်အတောက်နဲ့ အညစ်အကြေးများကို ဖယ်ရှားပေးရတာကြောင့် အဆီတွေကို မချေဖျက်နိုင်တော့ဘဲ သင့်ခန္ဓာကိုယ်မှာ အဆီပိုတွေ စုပုံလာပါတော့တယ်။ ဒါ့ကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလေးများ သူ့တာဝန်နဲ့သူကျေပွန်စွာ ထမ်းရွက်နိုင်ဖို့ ရေဓာတ်လုံလောက်စွာရရှိဖို့ လိုအပ်သလို ခန္ဓာကိုယ်ထဲမှာ အဆီပိုများမရှိချင်ဘူးဆိုရင်လည်း ရေသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ကိုယ်အလေးချိန်ကျဖို့အတွက် တစ်နေ့ကို ရေဘယ်လောက်သောက်သင့်သလဲဆိုတာ တိကျသေချာတဲ့ပမာဏတော့ မရှိပါဘူး။ ဒါပေမဲ့ ရေငတ်တဲ့အထိ မစောင့်ဘဲ ရေပုံမှန်သောက်သုံးပေးဖို့လိုအပ်ပါတယ်။ ဆေးတက္ကသိုလ်ရဲ့အကြံပေးချက်အရ အရွယ်ရောက်တဲ့အမျိုးသားတစ်ဦးက ရေ ၃.၇ လီတာ (၁၃ ခွက်ခန့်) သောက်သုံးသင့်ပြီး အမျိုးသမီးတစ်ယောက်ကတော့ တစ်နေ့ကို ရေ ၂.၇ လီတာ (၉ ခွက်ခန့်) သောက်သုံးသင့်တယ်လို့ သိရှိရပါတယ်။

    Cart