စိုပြေလှပသောအသားအရေနှင့် နက်မှောင်ထူထဲသောဆံပင် ပိုင်ဆိုင်အောင် ရေဘယ်လိုသောက်မလဲ

in ကျန်းမာရေးအကြံပြုချက်, ဆံကေသာ, အသားအရေ August 25, 2018

သင်က ကိုယ်အလေးချိန်ထိန်းချင်ပြီးတော့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ချင်သူတစ်ယောက်ဆိုရင်တော့ အရေးကြီးဆုံးလုပ်ရမယ့်အရာကတော့ ရေသောက်ခြင်းပဲဖြစ်ပါတယ်။ သင့်မှာရေဓာတ်လုံလောက်စွာမရရှိတဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး မူးဝေမောပန်းမယ်၊ သွေးပေါင်ကျမယ်၊ အလုပ်လုပ်နိုင်စွမ်းတွေလည်း လျော့ကျလာပါလိမ့်မယ်။ ရေသောက်ခြင်းကြောင့် ဘယ်လိုကောင်းကျိုးလေးတွေရမလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။ ကျန်းမာစိုပြေလှပသော အသားအရေ သင့်အရေပြားက အစိုဓာတ်ကိုထိန်းသိမ်းပေးထားတဲ့ သဘာဝအတားအဆီးတစ်ခုပါ။ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင် သဘာဝအတားအဆီးကဖျက်ဆီးခြင်းခံရပြီး အသားအရည်ခြောက်သွေ့ကြမ်းတမ်ပြီး အရေပြားရဲ့လုပ်ဆောင်နိုင်စွမ်းလျော့ကျလာမယ်၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ရေသောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်နဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်တောက်ပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။ ဆံပင်ကျန်းမာရေး ရေဓာတ်ပြည့်ဝခြင်းက သင့်အသားအရည်ကိုစိုပြေဝင်းပစေရုံမက သင့်ဆံပင်ကျန်းမာရေးကိုလည်း ကောင်းကျိုးပေးပါသေးတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာမရှိဘူးဆိုရင် သင့်ဆံပင်က အားနည်းလာပြီး ကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ ရေသောက်တဲ့အလေ့အကျင့်ကို ဘယ်လိုမွေးမြူမလဲ ရေဓာတ်မှန်မှန်ဖြည့်ပေးခြင်းက အရေးကြီးပါတယ်။ ရေတစ်ဖန်ခွက်ကလေးသောက်ရုံနဲ့ သင့်အသားအရေစိုပြေဝင်းပလာပြီး ဆံသားလေးတွေလည်းထူထဲလာလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အခြားအလေ့အကျင့်တွေကို မွေးမြူရသလိုပဲ ရေမှန်မှန်သောက်ခြင်းအလေ့အကျင့်ကိုလည်း မွေးမြူရပါမယ်။ သင်ဘယ်ကိုပဲသွားသွားရေဘူးတစ်ဘူး […]

ရေသောက်သုံးခြင်းက ကျန်းမာလှပသည့်အသားအရေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုသလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ February 27, 2018

အသားအရေဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားကိုယ်အင်္ဂါများနှင့်မတူဘဲ လေနှင့်မကြာခဏထိတွေ့ရပါတယ်။ ရေလုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ အသားအရေတွေဟာ ပျော့တွဲခြောက်သွေ့လာကာ ပိုးမွှားတွေကူးစက်ဖို့ အားနည်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင်တော့ အသားအရေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး မျက်နှာပြင်ကို အစိုဓာတ်ရှိစေကာ ချွေးပေါက်များပိတ်ဆို့ခြင်းမှလည်း ကာကွယ်ဟန့်တားနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး အဖက်ဖက်က အရေးကြီးတဲ့ ရေကိုသင့်တင့်လုံလောက်မှုရှိအောင် မသောက်သုံးဘူးဆိုရင်တော့ အောက်ဖော်ပြပါ အသားအရေပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဝက်ခြံမဖြစ်အောင် တားဆီးခြင်း အဆိပ်အတောက်များကို ချွေးထွက်ခြင်းဖြင့် ဖယ်ရှားပစ်တာဆိုပေမယ့်လည်း ရေဓာတ်ကုန်ခမ်းနေသည့်အခါမှာတော့ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေဖြစ်လာစေပါတယ်။ ဒါကြောင့် ရေများများသောက်ကာ ကိုယ်တွင်းအဆိပ်အတောက်များ၊ အညစ်အကြေးများကို ဖယ်ရှားခြင်းဖြင့် ကြည်လင်လှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ။ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးခြင်း ရေဓာတ်ကုန်ခမ်းလာသည့်အခါ အသားအရေလည်းပျော့တွဲသွားပြီး တင်းရင်းမှုမရှိတော့ဘူးဆိုပါက အသားအရေဟာ ကျန်းမာနိုင်မှာမဟုတ်တော့ပါဘူး။ ပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ ဘတ်တီးရီးယားတွေ ဝင်ရောက်မှုမရှိနိုင်အောင် ကာကွယ်ပေးဖို့အတွက် […]

    Cart