ဖျားနာနေသောအချိန်မှာ ရေသောက်ခြင်းနှင့် အခြားကုသနည်းများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

လူတစ်ယောက်မှာ အဖျားရှိနေရင် သူ့ခန္ဓာကိုယ်က ရောဂါနဲ့ နပမ်းသတ်နေရတာပါ။ လူတစ်ယောက်ရဲ့ သာမန်ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီရှိပြီးတော့ ကလေးတွေမှာတော့ အပူချိန်ပိုများပါတယ်။ လူအများစုက အပူကြီးပြီဆိုရင်တော့ ၁၀၃ ဒီဂ၇ီအထိတော့ ခံနိုင်ရည်ရှိကြပါတယ်။ တစ်ခါဖျားပြီဆိုရင် သုံးရက်ကနေ လေးရက်အထိကြာမြင့်ပါတယ်။ လူတစ်ယောက်ဖျားနာပြီဆိုရင် စွမ်းအင်တွေလည်းလျော့ကျလာမယ်၊ ပင်ပန်းနွမ်းနယ်ပြီးတော့ အစား စားချင်စိတ်လည်း မရှိပါဘူး။ လက္ခဏာတွေအနေနဲ့ကတော့ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရပါတယ်။ ဖျားနာနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကိုအေးသွားအောင်ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာရခြင်းက အထဲကဘက်တီးရီးယားတွေနဲ့ တိုက်ခိုက်နေရတာကြောင့် ခန္ဓာကိုယ်ကိုအေးအောင်ပြုလုပ်မယ်ဆို ဘက်တီးရီးယားတွေကို အားပေးအားမြောက်ပြုတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့လည်း အနည်းငယ်အေးမြမှ သက်တောင့်သက်သာဖြစ်မယ်ဆိုသူတွေကတော့ ကြက်သီးနွေးရေနဲ့ ရေချိုးပေးလို့ ရပါတယ်။ ရေခဲအသုံးပြုပြီး အေးအောင်ပြုလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။ ပေါ့ပါးပြီးတော့ လေဝင်လေထွက်ကောင်းမယ့် အင်္ကျီမျိုးပဲ ရွေးချယ်ဝတ်ဆင်ပါ။ ကိုယ်ပူခြင်းနဲ့ ရေ၏အရေးပါမှု […]

ရေနွေးပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 30, 2018

ရေနွေးသောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကုန်ဆုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ အစာချေစနစ်ကိုလည်း ကူညီပေးပြီး အစာအိမ်ထဲမှာ အစာတွေ ပြွတ်သိပ်မနေအောင်လည်း ပြုလုပ်ပေးပြီး စိတ်လက်ပေါ့ပါးလန်းဆန်းအောင် ပြုလုပ်ပေးပါတယ်။ ရေနွေးထဲကို သံပုရိုသီးညစ်ထည့်ပေးခြင်းကလည်း ဗီတာမင်စီ ဓာတ်ကို ရရှိစေမှာဖြစ်ပြီး ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်ပါတယ်။ ရေနွေးသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတော့ ၁။ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးတယ် ရေနွေးပူသောက်ခြင်းကြောင့် အူကျုံ့သွားပြီး အူထဲမှာပိတ်နေတဲ့အညစ်အကြေးများ ခန္ဓာကိုယ်ထဲမှာ ထွက်သွားအောင် ကူညီပေးပါတယ်။ ၂။ ရေဓာတ်ပြည့်စေတယ် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ဆိုရင် ရေနွေးပူပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် အကျိုးအာနိသင်ကတော့ အတူတူပါပဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ရေ ၈ ခွက် (၂ လီတာ သို့မဟုတ် ဂါလံဝက်) သောက်သုံးသင့်ပါတယ်။ ဒါပေမယ့် လူအများစုက ၈ ခွက် […]

ကိုယ်ဝန်ဆောင်မိခင်များနှင့် ရေသောက်သုံးခြင်း၏ အကျိုးကျေးဇူးများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 30, 2018

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ မိမိကျန်းမာရေးအတွက်သာမက မိမိကလေးကျန်းမာရေးအတွက်ပါ ဂရုစိုက်ရပါတယ်။ သာမန်အမျိုးသမီးများထက် အစားအသောက် အနေအထိုင် ပိုဆင်ခြင်ရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အနေနဲ့ တစ်နေ့တာလုံးရေဓာတ်ပြည့်နေဖို့က ခါတိုင်းထက်ပိုအရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲမှ အင်္ဂါအစိတ်အပိုင်းများ၊ ဆဲလ်နဲ့ တစ်သျှူးများဆီသို့ အာဟာရနဲ့ အောက်ဆီဂျင်များကို ရေကသယ်ယူပို့ဆောင်ပေးရတဲ့အတွက်ကြောင့် ရေဓာတ်ပြည့်ဝနေမှသာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ပို့ဆောင်ပေးဖို့အတွက် ရေဓာတ်ပြည့်ဝနေရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲနာကျင်မှုတွေကို သက်သာစေဖို့ ရေကကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်းနဲ့ ခေါင်းမူးခြင်း ဝေဒနာကို ရေသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ရခြင်းကြောင့် မနက်ခင်းမှာ မူးဝေအော့အန်ခြင်း၊ အစာမကြေဖြစ်ခြင်းတွေကို ရေသောက်ခြင်းက သက်သာစေတယ်လို့ အချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များက တစ်နေ့ကို အနည်းဆုံးရေ ၁၀ ခွက်သောက်သုံးပေးရမယ်လို့ အမေရိကန်ဆရာဝန်များအသင်းက အကြံပြုထားပါတယ်။ အကယ်၍ အားစိုက်ထုတ်စရာမလိုတဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်များအနေနဲ့လည်း […]

ရေဓာတ်လွန်ကဲခြင်းကြောင့် ခံစားရမည့် ကျန်းမာရေးနောက်ဆက်တွဲရောဂါများ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ August 27, 2018

သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ရေဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်။ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အရိုးအဆစ်တွေ လွယ်ကူစွာလှုပ်ရှားပေးနိုင်ဖို့အတွက် ကူညီပေးပါတယ်။ နေမကောင်းဖြစ်လို့ ရေဓာတ်ခမ်းခြောက်တဲ့အခါ၊ အားကစားပြုလုပ်ချိန်ကြာသွားလို့ ရေဓာတ်ဆုံးရှုံးသွားတဲ့အခါ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ကပြန်လည်လန်းဆန်းတက်ကြွလာပါတယ်။ ဒါပေမယ့် ရေအလွန်အကျွံသောက်သုံးခြင်းကြောင့် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါသေးတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း သင့်ခန္ဓာကိုယ်က ချွေးထွက်ခြင်းမှတစ်ဆင့် ဆီသွားခြင်းမှတစ်ဆင့် ရေဓာတ်များဆုံးရှုံးသွားပါတယ်။ တစ်ခါတစ်ရံမှာ နေမကောင်းဖြစ်လို့ အော့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ပူပြင်းခြောက်သွေ့တဲ့နေ့မှာ အားကစားအလွန်အကျွံပြုလုပ်ခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေဓာတ်ဆုံးရှုံးပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရေငတ်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ အရောင်ရင့်သောဆီးသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်းများခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့လက္ခဏာတွေကတော့ နှလုံးခုန်မြန်ခြင်းနဲ့ တခါတရံမှာ သတိလစ်မေ့မျောခြင်းတို့ ခံစားရနိုင်ပါတယ်။ တန်ဆေးလွန်ဘေး ရေဓာတ်ပြန်လည်ဖြည့်တင်းတဲ့အခါမှာလည်း ရေအလွန်အကျွံမသောက်သုံးမိဖို့ အရေးကြီးပါတယ်။ ရေဓာတ်အရမ်းများသွားရင် […]

အသက်အရွယ်ကြီးရင့်သော ဘိုးဘိုးဘွားဘွားများ ရေဓာတ်မခမ်းခြောက်အောင် ဘယ်လိုနေထိုင်သင့်သလဲ

in ကျန်းမာရေးအကြံပြုချက်, အထွေထွေဗဟုသုတ, ရေဓာတ်ခမ်းခြောက်ခြင်း August 27, 2018

ရေသောက်ခြင်းက ကလေးလေးကအစ၊ လူငယ်လူရွယ် အလယ်၊ အသက်အရွယ်ရပြီးဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအထိပါ အရေးကြီးပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိဘတွေက စောင့်ရှောက်ကြရတာတောင်မှ ရေသောက်ဖို့ မနည်းတိုက်တွန်းနေရတာပါ။ ဘိုးဘိုးဘွားဘွားတွေကိုကျပြန်တော့ တစ်ခါတစ်ရံမှာ ဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ဘိုးဘိုးဘွားဘွားတွေက အသက်အရွယ်အရ အားနည်းနေကြတာမို့လို့ မိသားစုဝင်တွေကပဲဖြစ်ဖြစ် သူတို့ကိုပြုစုစောင့်ရှောက်ပေးသင့်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေက ရေဆာတယ်လို့မပြောတာနဲ့ပဲ၊ လူငယ်တွေလို တက်တက်ကြွကြွမရှိတာနဲ့ပဲ ရေဓာတ်မခမ်းခြောက်ဘူးလို့ မထင်ပါနဲ့။ ကျန်းမာသန်စွမ်းတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ တစ်နေ့ကို ရေတစ်လီတာခွဲသောက်သုံးပေးဖို့လိုအပ်ပါတယ်။ အပူလှိုင်းဖြတ်တဲ့နေ့မျိုး၊ အပူလွန်ကဲတဲ့နေ့မျိုးမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။ ရေများများသောက်ဖို့တွန့်ဆုတ်မနေသင့်ပါဘူး။ ဘိုးဘိုးဘွားဘွားတွေက ရေတိုက်ရတာ ခက်ခဲတယ်ဆိုရင် ရေနွေးကြမ်း၊ စွပ်ပြုတ်၊ သဘာဝသစ်သီးစိမ်ရေ စသည်ဖြင့် သူတို့ကြိုက်နှစ်သက်တတ်တာမျိုးကို အစားထိုးသောက်သုံးပါစေ။ အရေးကြီးဆုံးကတော့ ရေလုံလုံလောက်လောက်သောက်ဖို့ပါပဲ။ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတွေကိုလည်း အစားထိုးပြီး စားသုံးခိုင်ပါ။ ဒိန်ချဉ်မှာလည်း ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် လူကြီးတွေ ကြိုက်နှစ်သက်ပါလိမ့်မယ်။ […]

အဆိုတော်တွေ အဆိုဝါသနာရှင်လေးတွေ ကြည်လင်ပြတ်သားတဲ့အသံလေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

in ကျန်းမာရေးအကြံပြုချက်, လူနေမှုဘဝ, အထွေထွေဗဟုသုတ August 27, 2018

သင်ကအဆိုတော်တစ်ယောက်၊ အဆိုဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အသံက လူတွေနဲ့ပြောဆိုဆက်ဆံဖို့အတွက် ကူညီပေးတဲ့ကြားခံနယ်တစ်ခုဆိုတာထက် ပိုပါတယ်။ သင့်အသံက သင့်ဘဝ၊ သင့်အတွက်တူရိယာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုတော်တွေ၊ အဆိုပြိုင်ပွဲဝင်သူ အဆိုဝါသနာရှင်လေးတွေက အသံမပျက်စီးအောင်၊ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် အစားအသောက်အနေအထိုင် အမြဲဆင်ခြင်နေရပါတယ်။ ကောင်းမွန်တဲ့အသံကို အမြဲတမ်းထိန်းသိမ်းထားနိုင်ဖို့အတွက် ကူညီပေးတာကတော့ ရေပဲဖြစ်ပါတယ်။ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက်၊ အမောအပန်းခံနိုင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ရေဓာတ် လိုအပ်ပါတယ်။ အသံသိပ္ပံပညာရှင် ဒေါက်တာ Ronald C. Scherer ရဲ့ ပြောကြားချက်အရ လူတစ်ယောက်က အထူးသဖြင့် အဆိုတော်တွေ၊ အဆိုဝါသနာရှင်တွေက သူတို့အသံအိုးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ရန်အတွက် တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးပေးရပါတယ်။ ရေလုံလောက်စွာ မသောက်ရင် ဘာတွေဖြစ်နိုင်သလဲ အသံထွက်ဖို့အတွက် အသံအိုးနဲ့အသံကြိုးကို ဖိအားပေးရပါတယ်။ သီချင်းဆိုခြင်းက အသံအိုးကို လိုတာထက်ပိုပြီးဖိအားပေးရပါတယ်။ မကြာမကြာ ဖိအားပေးခံရတဲ့အခါ အသံကြိုးနာလာပြီး ကောင်းစွာမသီဆိုနိုင်ဖြစ်လာပါလိမ့်မယ်။ […]

အရသာရှိတဲ့ရေကို ဖန်တီးသောက်သုံးနည်း (၄) ချက်

in ကိုယ်တွင်းအဆိပ်အတောက်ဖယ်ခြင်း, ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ, ကျန်းမာရေးအကြံပြုချက်, အသားအရေ, အထွေထွေဗဟုသုတ August 27, 2018

ပူပြင်းခြောက်သွေ့တဲ့နေ့တွေမှာ ရေသောက်ခြင်းက သင့်ကို လန်းဆန်းတက်ကြွပေါ့ပါးစေတဲ့အတွက်ကြောင့် ရေသောက်ခြင်းလောက် ကောင်းမွန်တာမရှိပါဘူး။ သန့်စင်တဲ့ရေက အရောင် အနံ့ အရသာမရှိတဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ သင်ကအခြားအရသာကောင်းမွန်တဲ့အချိုရည်တွေကို သောက်သုံးချင်မှာပါပဲ။ ဒါပေမယ့်လည်း အချိုဓာတ်လွန်ကဲတဲ့ အချိုရည်တွေက သင့်ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပြီး၊ သင့်ရဲ့တက်ကြွလန်းဆန်းတဲ့လူနေမှုဘဝကို နှောင့်ယှက်နိုင်တာမို့လို့ သဘာဝအတိုင်းရေကို အရသာရှိရှိဘယ်လိုသောက်သုံးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးလေးတွေ စိမ်သောက်မယ် သင့်ရေကို သဘာဝအတိုင်းအရသာရှိစေမယ့် ပထမဆုံးနည်းလမ်းလေးကတော့ လတ်ဆတ်တဲ့သစ်သီးစိမ်သောက်ခြင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံး ရေကရားကြီးတစ်ခုထဲ ရေအေးထည့်ပါ။ ရေကရားပိုကြီးလေ ပိုကောင်းလေပါပဲ။ ဒါမှ ခဏခဏထပ်ဖျော်စရာမလိုမှာပါ။ ပြီးရင် မိမိကြိုက်နှစ်သက်ရာ သစ်သီးကို ပါးပါးလှီးထည့်ပါ။ ပြီးရင် ရေခဲတုံးလေးတွေထည့်ပါ။ ဆန္ဒရှိတယ်ဆိုရင် သဘာဝဆေးဖက်ဝင်အပင်လေးတွေပါ ထပ်ထည့်နိုင်ပါတယ်။ သစ်သီးရေခဲထည့်မယ် သစ်သီးရေခဲပြုလုပ်ဖို့အတွက် အရင်ဆုံး မိမိကြိုက်နှစ်သက်တဲ့အသီးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သစ်သီးအနှစ်လေးရအောင်ပြုလုပ်ပါ။ ရလာတဲ့သစ်သီးအနှစ်လေးတွေကို ရေခဲတုံးလင်ဗန်းထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံလိုက်ပါ။ […]

    Cart