တစ်နေ့ ရေ ၈ ခွက် သောက်သုံးခြင်းကြောင့် သင့်ခန္ဓာကိုယ်က ဘယ်လိုဖြစ်ရပ်မျိုး ကြုံတွေ့ရမလဲ

in ကျန်းမာရေးအကြံပြုချက်, အသားအရေ May 21, 2019

တစ်နေ့ကို ရေ ၈ ခွက် သောက်သင့်တယ်လို့ သင်ကြားဖူးနားဝရှိပါလိမ့်မယ်။ ဒါပေမယ့် ရေဓာတ်ပြည့်ဝခြင်းက ရေမသောက်ဘဲ နေတာထက်စာရင် ခန္ဓာကိုယ်အတွက် တကယ်ပဲ ခြားနားချက်အမြောက်အမြားပေးစွမ်းနိုင်တယ်လို့ ထင်ပါသလား။ ဒါဆိုရင် ရေဓာတ်ပြည့်ဝခြင်းကြောင့် ခန္ဓာကိုယ်က ဘယ်လိုဖြစ်စဉ်မျိုးခံစားရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ကြစို့။

ပြင်းထန်တဲ့အားကစားများကို မမောမပန်းဘဲ လုပ်ဆောင်နိုင်ခြင်း

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကြွက်သားများအတွက် လျှပ်လိုက်ပျော်ရည်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ညီညွှတ်မျှတနေဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ရေဓာတ်ကို ရရှိမှသာလျှင် ထိုလျှပ်လိုက်ပျော်ရည်များ တစ်ခုနဲ့တစ်ခုရောနှောမသွားဘဲ လေ့ကျင့်ခန်းပြုလုပ်နေစဉ် ကြွက်တက်ခြင်းမှ ကင်းဝေးမှာဖြစ်ပါတယ်။

ကျောက်ကပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းမြှင့်တက်လာခြင်း

ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို အရည်အဖြစ်ပြန်လည်စွန့်ထုတ်နိုင်ဖို့ ကျောက်ကပ်က လုပ်ဆောင်ရပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ရေလုံလုံလောက်လောက်ရရှိမှ အဆင်ပြေမှာပါ။ ရေဓာတ်ခမ်းခြောက်ပြီး ဆီးသွားနည်းမယ်ဆိုရင် ဆီးလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ကျောက်ကပ်အားနည်းပြီး ကျောက်ကပ်တဖြည်းဖြည်းပျက်စီးသွားပါလိမ့်မယ်။

သင့်နှလုံးကို အလုပ်အများကြီးလုပ်ဆောင်ဖို့ ဖိအားပေးမှာ မဟုတ်ပါဘူး

ခန္ဓာကိုယ်က အခြားကြွက်သားတွေလိုပဲ နှလုံးက ရေဓာတ်လုံလုံလောက်လောက်ရရှိရပါမယ်။ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင် နှလုံးက သွေးကိုကောင်းစွာမစုပ်ထုတ်နိုင်တော့ဘဲ နှလုံးခုန်နှုန်းမြန်လာပြီး သွေးပေါင်ချိန်ကျသွားတော့တာပါပဲ။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ ရေများများသောက်သုံးပေးပါ။

စွမ်းအင်မြှင့်တင်ပေးမယ်

ရေသောက်ခြင်းက စွမ်းအင်ပမာဏကို မြှင့်တင်ပေးတယ်ဆိုတာ လူအများစုက မသိကြပါဘူး။ ဒါ့ကြောင့် အလွယ်တကူပင်ပန်းနွမ်းနယ်သလိုခံစားနေရခြင်းက သင် ရေများများမသောက်လို့ဖြစ်ပါတယ်။ တချို့လူတွေက လန်းဆန်းတက်ကြွလာအောင်ဆိုပြီး ကာဖိန်းဓာတ်ပါတဲ့ ကော်ဖီကို သောက်သုံးကြပါတယ်။ အမှန်တကယ်တော့ ကော်ဖီသောက်သုံးခြင်းက ရေဓာတ်ပိုမိုခမ်းခြောက်စေပါတယ်။

အသားအရေလေး ကြည်လင်ဝင်းပလာမယ်

အရေပြားဆဲလ်တွေက လိုအပ်တဲ့ရေဓာတ်မရဘူးဆိုရင် ခြောက်သွေ့ညှိုးနွမ်းပြီး မဲခြောက်ခြောက်ဖြစ်လာတော့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ရေဓာတ်လုံလုံလောက်လောက်ရမယ်ဆိုရင်တော့ အသားအရေလေးစိုစိုပြေပြေနဲ့ ကြည့်ကောင်းလာပါလိမ့်မယ်။ ဒါ့ကြောင့် ပါးရေတွန့်ပြီး အရေးအကြောင်းတွေစောစောစီးစီးပေါ်ပေါက်ကာ အိုမင်းရင့်ရော်နေတဲ့ပုံမပေါက်ချင်ဘူးဆိုရင်တော့ ရေများများသောက်သုံးဖို့ပဲလိုပါတယ်။

    Cart